ONE Friday Fights 129 ပြိုင်ပွဲတွင် မြန်မာဖိုက်တာနှစ်ဦး၏ တွဲဆိုင်းများ ပါ၀င်မည်



ရန်ကုန်  အောက်တိုဘာ  ၁၂

အောက်တိုဘာ ၁၇  ရက်  ညပိုင်းတွင်  ထိုင်းနိုင်ငံ၌  ကျင်းပမည့် ONE Friday Fights 129 ပြိုင်ပွဲတွင် မြန်မာဖိုက်တာနှစ်ဦး၏ တွဲဆိုင်းများ ပါဝင်လာမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် မြန်မာဖိုက်တာများဖြစ်သည့် ထွန်းမင်းအောင်နှင့် ဟာလိန်းအွမ်(ခ) အောက်ချင်းလေးတို့၏တွဲဆိုင်းများ ပါဝင်မည်ဖြစ်ပြီး ထွန်းမင်းအောင်သည်   Main   Event   ထိုးသတ်ရမည်ဖြစ်သည်။ ထွန်းမင်းအောင်သည် ထိုင်းဖိုက်တာ တန်နွန်နှင့် ထိုးသတ်ရမည်ဖြစ်ပြီး ONE နှင့် ငါးပွဲမြောက် ထိုးသတ်ရခြင်းဖြစ်သည်။ ထွန်းမင်းအောင်သည် ပြီးခဲ့သည့်လေးပွဲတွင်   နှစ်ပွဲနိုင်၊   နှစ်ပွဲရှုံးနိမ့်ထားပြီး   ယခုနှစ်အတွင်း ထိုးသတ်သည့်ပွဲတွင် ဒိုင်ပွဲရပ်ဖြင့်  အနိုင်ရထား သည်။ တန်နွန်မှာမူ ONE နှင့် သုံးပွဲထိုးသတ်ရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပြီး တစ်ပွဲကိုမူ အရှုံးအနိုင် သတ်မှတ်ခြင်းမရှိပေ။

ဟာလိန်းအွမ် (ခ)  အောက်ချင်းလေးသည်   ဂျပန်ဖိုက်တာ တာနစ်ဆုနှင့် ထိုးသတ်ရမည်ဖြစ်ပြီး ONE နှင့် ပထမဆုံးပွဲတွင်လည်း ဂျပန်ဖိုက်တာနှင့် ထိုးသတ်ရကာ ရှုံးပွဲကြုံတွေ့ထားသည်။ ထို့ကြောင့် အောက်ချင်းလေးသည် ဒုတိယမြောက်ပွဲတွင် နိုင်ပွဲပြန်လည်ရယူနိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။ အောက်ချင်းလေးနှင့် ထိုးသတ်မည့် တာနစ်ဆုသည် ONE နှင့် ငါးပွဲထိုးသတ်ရာ လေးပွဲအနိုင်ရထားရာ အနိုင်ရထားသည့် ပြိုင်ဘက်များတွင် မြန်မာဖိုက်တာ သက်ပိုင်အောင်လည်း ပါဝင်နေပြီး ဒိုင်ပွဲရပ်ဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

သတင်း-ထွဏ်းသွေးအိမ်

ဓာတ်ပုံ-ONE

No comments

Powered by Blogger.