၁၉၉၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားဝင်ခွင့် ပထမဆုံးအကြိမ်ရရှိဖို့ သေချာနေပြီဖြစ်တဲ့ နော်ဝေ အသင်း
နော်ဝေအသင်းဟာ ဥရောပဇုန်
ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့် ပွဲစဉ်(၆)အဖြစ် အောက်တိုဘာ ၁၁ ရက် ညပိုင်းက အစ္စရေးအသင်းနဲ့
ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ အစ္စရေးအသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
နော်ဝေအသင်းနဲ့ အစ္စရေးအသင်းတို့ပွဲစဉ်မှာ
တိုက်စစ်မှူး ဟာလန်းက သွင်းဂိုး သုံးဂိုးအထိ သွင်းယူ ပေးခဲ့တာဖြစ်ပြီး တိုက်စစ်မှူးဟာလန်းအနေနဲ့
၂၀၁၉ ခုနှစ်မှာ နော်ဝေအသင်းနဲ့ စတင်ပွဲထွက် ကစားခဲ့ပေမယ့် နိုင်ငံအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ
ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုပွဲစဉ်မှာ နော်ဝေအသင်းနဲ့အတူ
ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် သွင်းဂိုး
၅၁ ဂိုး ရှိလာခဲ့ပြီဖြစ်ပြီး နိုင်ငံအသင်းတွေနဲ့အတူ သွင်းဂိုး ၅၀ နဲ့အထက် အမြန်ဆုံးသွင်းယူနိုင်တဲ့
ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
တိုက်စစ်မှူး ဟာလန်းဟာ
နိုင်ငံတကာပွဲစဉ် ၄၆ ပွဲမှာ သွင်းဂိုး ၅၁ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ဟယ်ရီကိန်းဟာလည်း
အင်္ဂလန်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ် ၇၁ ပွဲမှာ သွင်းဂိုး ၅၀ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နော်ဝေအသင်းနဲ့ အစ္စရေးအသင်းတို့ပွဲစဉ်မှာ
ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ နော်ဝေအသင်းနဲ့အတူ ဟက်ထရစ် ခြောက်ကြိမ်မြောက် သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး တိုက်စစ်မှူး စီရိုနယ်လ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ရဲ့
နိုင်ငံအသင်းအတွက် သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ် သွင်းယူနိုင်မှု အကြိမ်ရေကိုလိုက်မီဖို့
လေးကြိမ်သာလိုတော့တာ ဖြစ်ပါတယ်။
နော်ဝေအသင်းဟာ အစ္စရေးအသင်းကို
အနိုင်ရရှိခဲ့တာကြောင့် ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ခြောက်ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ
ခြောက်ပွဲစလုံး အနိုင်ရရှိခဲ့ပြီး ရမှတ် ၁၈ မှတ်နဲ့ အုပ်စု( I )တွင်
ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဒါ့ပြင် နော်ဝေအသင်းဟာ ၁၉၉၈ ခုနှစ်
နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ခွင့် ရရှိဖို့လည်း သေချာနေပြီဖြစ်ပါတယ်။
နော်ဝေအသင်းဟာ လာမယ့်ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အောက်တိုဘာ
၁၃ ရက်မှာ အက်စတိုးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အုပ်စုအဆင့် ဒုတိယနေရာမှာ
ရပ်တည်နေတဲ့ အီတလီအသင်းကတော့ လာမယ့်ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၄ ရက်မှာ အစ္စရေးအသင်းကို
အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။
နော်ဝေအသင်းဟာ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ အီတလီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး
အီတလီအသင်းဟာ ယူရိုချန်ပီယံဖြစ်ခဲ့တာကြောင့် ကနေဒါ၊ အမေရိကန်နဲ့ မက္ကဆီကိုတို့ ပူးတွဲ
အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရရှိထားတာ
ဖြစ်ပါ တယ်။
ငွေကြယ်
- ရေးသားသည်
No comments