ရှမ်းပြည်နယ်(တောင်ပိုင်း) ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
တောင်ကြီး နိုဝင်ဘာ ၃၀
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊
ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ
ဦးအောင်မင်းဝင်း၊ တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့နှင့်အတူ
နိုဝင်ဘာ ၂၈ ရက်က ဆီဆိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမနှင့်
ဟိုပုံးမြို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး
အစည်းအဝေးခန်းမတို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ၂၀၂၅
ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ
လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အထက(၁)ဆီဆိုင် ယုဇနခန်းမ၌
ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ဝင် ၃၈ ဦးဖြင့် ဖွင့်လှစ်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စု
ကော်မရှင်အဖွဲ့ခွဲသင်တန်းကို ကြည့်ရှုအားပေးပြီး ဆီဆိုင်မြို့ သီရိရပ်ကွက်၊ မင်္ဂလာရပ်ကွက်နှင့်
ဆိုက်ခေါင်ကျေးရွာအုပ်စုတို့တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေညာမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင် ၅၆ ဦးဖြင့် သင်တန်းဖွင့်လှစ်နေမှုနှင့်
ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာအုပ်စု အနောက်ရပ်ကွက်နှင့် တုံခမ်းရပ်ကွက်တို့တွင် ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာမှုကို
လည်းကောင်း၊ တောင်ကြီးမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသည့်
မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ သင်တန်းပို့ချနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)

No comments