မကွေးတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ်များ တွေ့ဆုံပွဲကျင်းပ
မကွေး နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီးအတွင်း စားအုန်းဆီ ဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ်များနှင့်
တွေ့ဆုံ ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌
ကျင်းပသည်။
တွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး
ဦးရဲမျိုးလွင်နှင့် တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ
အသင်းဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊
မကွေးတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီဖြန့်ဖြူး သည့် ကုမ္ပဏီများ၊ လက်လီလက်ကားကိုယ်စားလှယ်
များ၊ MSME လုပ်ငန်းရှင်များ စုစုပေါင်း ၂၆၀ ကျော် တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက လက်လီ၊ လက်ကား ကိုယ်စားလှယ်များ အနေဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်း
လုပ်ငန်း များအား စနစ်တကျ ဆောင်ရွက်စေရန်၊ ဖြန့်ဖြူး ရောင်းချရာတွင် ညွှန်ကြားချက်များ လိုက်နာ ဆောင်ရွက်စေရေး၊ ပျက်ကွက်ခြင်းနှင့် မသမာမှု ဆောင်ရွက်ခြင်းများ မဖြစ်ပေါ်စေရေး၊ သတ်မှတ် ရည်ညွှန်းဈေး၊ သတ်မှတ်ပမာဏအတိုင်း ဖြန့်ဖြူး ရောင်းချနိုင်ရေး ကြီးကြပ်ကွပ်ကဲရန် မြေပြင်ကွင်းဆင်း
စစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ထား
ကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး စားအုန်းဆီ ဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီ
တွဲဖက် အတွင်းရေမှူး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးမိုးသန့်စင်က စားအုန်းဆီဖြန့်ဖြူး ရောင်းချမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသူများကဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments