မော်လမြိုင်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ
မော်လမြိုင် နိုဝင်ဘာ ၂၅
မွန်ပြည်နယ် ၂ဝ၂၅ ခုနှစ် “အမျိုးသမီးများအပေါ်
အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု” အထိမ်းအမှတ်အခမ်းအနားကို
ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်
ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ရပ်ရွာများတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းက ဖွင့်လှစ်ထားသည့်
အမျိုးသမီးဂေဟာများတွင် အမျိုးသမီးများ၏ လုံခြုံရေးအတွက် ယာယီနားခိုရာနေရာများ စီစဉ်ပေးခြင်း၊
တရားရင်ဆိုင် ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊
တရားဥပဒေ အကူအညီနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အပါအဝင် အခြားသောဝန်ဆောင်မှုများ
ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း အမျိုးသမီးအဖွဲ့အစည်းများနှင့်
ဆက်စပ် ဌာနဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့်လည်း မိမိတို့၏ဆောင်ရွက်မှုများသည် ထိရောက်သည့်
ဆောင်ရွက်မှုဖြစ်စေရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ
အမျိုးသမီးများအတွက် ဥပဒေအကာအကွယ်ရယူ နိုင်ရန် ဆောင်ရွက်ပေးခြင်းတို့ကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန်
အမှာစကားပြောကြားသည်။
ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်
အကြမ်းဖက်မှုပပျောက်ရေး မှတ်တမ်းဗီဒီယိုကိုပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက
ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍
ခန်းမအတွင်းပြသထားသည့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု” အထိမ်းအမှတ် ပြခန်းငယ်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း
သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments