မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုစင်တာ ယဉ်ကျေးမှုပြခန်းခင်းကျင်းပြသရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


မော်လမြိုင် နိုဝင်ဘာ ၂၅

 

မွန်ပြည်နယ် တိုင်းရင်းသား ယဉ်ကျေးမှုစင်တာ ယဉ်ကျေးမှု ပြခန်းခင်းကျင်းပြသရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အတ္ထရံခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် စီးပွားရေးရာဝန်ကြီး နိုင်လယိတမ တို့က အမှာစကားပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသော ပြည်နယ်/မြို့နယ် မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာစာပေနှင့် ယဉ်ကျေးမှု ကော်မတီများမှ တိုင်းရင်းသားရိုးရာ အမွေအနှစ်ပစ္စည်းများ၊ ရိုးရာဝတ်စားဆင်ယင်မှု၊ ရှေးဟောင်းစာပေ၊ ရိုးရာတူရိယာနှင့် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး တင်ပြပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မော်လမြိုင် ဌာနခွဲ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကာ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးတို့၏ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများအား မွန်ပြည်နယ် တိုင်းရင်းသား ယဉ်ကျေးမှုစင်တာ ယဉ်ကျေးမှုပြခန်းတွင် ခင်းကျင်းပြသနိုင်ရေးအတွက် လှူဒါန်းလိုပါက မွန်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.