မင်းဘူးမြို့၌ အိမ်သုံး၊ လုပ်ငန်းခွင်သုံး မီတာများ ကွင်းဆင်းစစ်ဆေး

 


မင်းဘူး နိုဝင်ဘာ ၂၅

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းပြီး ပြည်သူများ ဓာတ်အားပိုမိုသုံးစွဲနိုင်ရေးအတွက် အိမ်သုံး၊ လုပ်ငန်းခွင် သုံးမီတာများ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းအစုအဖွဲ့များက လျှပ်စစ် ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းရှင်းစွာဖြင့် သုံးစွဲနိုင်ရေး၊ ဓာတ်အားသုံးစွဲမှု စနစ်တကျ ရှိစေရေးနှင့် စီတီမီတာ၊ ပါဝါမီတာ၊ အိမ်သုံးမီတာများအား တရားမဝင် ဓာတ်အားသုံးစွဲမှု မရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပြီး ပြည်သူများ ဓာတ်အား ပိုမိုသုံးစွဲနိုင်ရေးနှင့် လျှပ်စစ်မီးလိုင်းများ စနစ်တကျ သွယ်တန်းတပ်ဆင် အသုံးပြုစေရေးတို့အတွက် လျှပ်စစ်နှင့်ဆိုင်သော ပညာပေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်ပြီး လူစည်ကားရာနေရာများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး) 

No comments

Powered by Blogger.