ကလောမြို့နယ်၌ သစ်တောထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
ကလော နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့
အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တေဇခန်းမ၌ ယနေ့နံနက်ပိုင်းက သစ်တောထိန်းသိမ်းရေး၊
တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပသည်။
ဟောပြော
ဦးစွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ
ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီထွေးက အမှာစကား ပြောကြားပြီး မြို့နယ် သစ်တောဦးစီးဌာန
ဦးစီးအရာရှိ ဦးကျော်စိုးလွင်က သစ်တော ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးနှင့်ပတ်သက်၍
ဟောပြောသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး
ဦးဝေဇင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဖြစ်ပေါ်သည့်
အကြောင်းရင်းများ အကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြပြီး သစ်တောဦးစီးဌာန ဦးစီးအရာရှိက
အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းစာကြည့်တိုက်အတွက် သစ်တော ကြေးမုံမဂ္ဂဇင်း
စာအုပ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)

No comments