အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာထိပ်တန်းတပ်မှူး သေဆုံး



ဂျေရုဆလင် နိုဝင်ဘာ  ၂၄

ရှီးယားမွတ်စလင်အုပ်စု   ဟစ်ဇ်ဘိုလာကိုပစ်မှတ်ထားပြီး အစ္စရေးတပ်ဖွဲ့က   လက်ဘနွန်မြို့တော် ဘေရွတ်မြို့ ဆင်ခြေဖုံးကို နိုဝင်ဘာ ၂၃ ရက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။  အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့၏ စစ်ဘက်ရေးရာ ထိပ်တန်းတပ်မှူးတစ်ဦး သေဆုံးခဲ့သည်ဟု အစ္စရေးတပ်ဖွဲ့က ကြေညာခဲ့သည်။

နှစ်ဖက် အပစ်အခတ်ရပ်စဲထားချိန်အတွင်း ပြုလုပ်ခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူငါးဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတပ်ဖွဲ့များကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် လွန်ခဲ့ သည့်နှစ် နိုဝင်ဘာလတွင် အသက်ဝင်ခဲ့သည်။ ယင်းသဘောတူညီချက်အရ နှစ်ဖက်စလုံးသည် နယ်စပ်ဒေသများမှ ဆုတ်ခွာပေးရန် လိုအပ်သည်။

သို့သော် ဟစ်ဇ်ဘိုလာသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု အစ္စရေးက စွပ်စွဲပြောကြားခဲ့ပြီး ဆုတ်ခွာရန် သတ်မှတ်ထားသည့် နောက်ဆုံးရက် ကုန်ဆုံးသွားသည့် တိုင် နယ်မြေအချို့တွင် ၎င်း၏ တပ်ဖွဲ့များကို ဆက်လက်ထားရှိခဲ့သည်။ အစ္စရေးသည် ဟစ်ဇ်ဘိုလာ အဖွဲ့ကို လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်။ 

ဇွန်လနောက်ပိုင်းတွင် အစ္စရေးစစ်တပ်က လက်ဘနွန်မြို့တော်ကို ပထမဆုံးအကြိမ် တိုက်ခိုက် ခဲ့သည်ဟု    အဆိုစီရိတ်ပရက်စ်သတင်းဌာနက ဖော်ပြခဲ့သည်။

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.