နာမည်ကြီး ရီးရဲမက်ဒရစ် ဘဲလင်ဂမ်၏ နောက်ကျချေပဂိုးကြောင့် အယ်ချီကို သရေကျ



စပိန်လာလီဂါပွဲစဉ် (၁၃)အဖြစ် နိုဝင်ဘာ ၂၄ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် အယ်ချီ နှင့် ရီးရဲမက်ဒရစ်အသင်းပွဲစဉ်တွင်   ရီးရဲမက်ဒရစ်အသင်းက  ကွင်းလယ်ကစားသမား ဘဲလင်ဂမ်၏   နောက်ကျသွင်းဂိုးကြောင့်   တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့သည်။

နာမည်ကြီး ရီးရဲမက်ဒရစ်အသင်းသည် ပြိုင်ဘက် အယ်ချီအသင်း၏ တုံ့ပြန်ကစားပုံကောင်း မွန်မှု ကြောင့် သွင်းဂိုးရရှိရေး ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသည်။ ရီးရဲမက်ဒရစ်အသင်းသည်  ပထမပိုင်းတွင်   ဂိုးရရှိနိုင်သည့် အခွင့်အရေးအချို့ ဖန်တီးနိုင်ခဲ့သော်လည်း အယ်ချီအသင်း ခံစစ်နှင့် ဂိုးသမားကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။

ဒုတိယပိုင်း ၅၃ မိနစ်တွင် အဲလက်စ်ဖီဘာက အယ်ချီအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ သည်။ ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရပြီးနောက် ရီးရဲမက်ဒရစ်အသင်းက ချေပဂိုးရရှိရေး ကြိုးပမ်းလာ ခဲ့ရာ ပွဲချိန် ၇၈ မိနစ်တွင် ရရှိခဲ့ပြီး  ဟွိုင်ဂျီဆင်းက  သွင်းယူပေးခဲ့သည်။ တစ်ဖက်တစ်ဂိုးစီ   သရေကျ ပြီးနောက်  ပွဲမှာ အကြိတ်အနယ်ရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။

ပွဲချိန်  ၈၄  မိနစ်တွင် အယ်ချီအသင်းက ရိုဒရီဂွက်ဇ်၏ သွင်းဂိုးကြောင့် ဒုတိယဦးဆောင်ဂိုး  ရရှိခဲ့ သည်။ ရီးရဲမက်ဒရစ်အသင်းသည် အယ်ချီအသင်းထက် ဂိုးရရှိနိုင်သည့် အခွင့်အရေး   ပိုမိုဖန်တီးနိုင် ခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်းခြင်းမရှိခဲ့ပေ။  ပွဲချိန်ပြည့်ခါနီးတွင်    ရီးရဲမက်ဒရစ်ကွင်းလယ် ကစားသမား ဘဲလင်ဂမ်ကအသင်းအတွက် ဒုတိယချေပဂိုး  သွင်းယူပေးနိုင်ခဲ့သည်။  ဘဲလင်ဂမ်သည် ခြေစွမ်းပြသနိုင်ခဲ့ပြီး သွင်းဂိုး တစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်။

ရီးရဲမက်ဒရစ်အသင်းသည် ယခုပွဲစဉ် သရေကျခဲ့သော်လည်း ဒုတိယနေရာမှ အနီးကပ်ဖိအားပေး လျက်ရှိသည့် ခါးသီးပြိုင်ဘက် ဘာစီလိုနာအသင်းထက် တစ်မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။                                                                                                                                

အောင်ဇော်

No comments

Powered by Blogger.