ရေဘေးသင့်ဒေသခံများအတွက် နေအိမ်များ ပြန်လည်တည်ဆောက်ပေးရန် ဗီယက်နမ်ဝန်ကြီးချုပ် တိုက်တွန်း



ဟနွိုင်း  နိုဝင်ဘာ  ၂၄

ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်းသည် တောင်-အလယ်ပိုင်းဒေသများတွင် မကြာသေးမီက ရေကြီး ရေလျှံမှုများကြောင့် ရေဘေးသင့်မှုဖြစ်ပွားခဲ့သည့် ဒေသခံများအတွက်   နေအိမ်များ  ပြုပြင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ကြရန် တောင်းဆို ထားကြောင်း ဗီယက်နမ် နေ့စဉ်ထုတ်သတင်းစာ Nhan Dan တွင် နိုဝင်ဘာ ၂၄ ရက်က ဖော်ပြထား သည်။

၎င်းက ထိခိုက်ပျက်စီးမှုဖြစ်ပွားသော နေအိမ်များကို နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး ပြုပြင် တည်ဆောက်ရန်လည်း ညွှန်ကြားထားသည်။ ထို့အပြင် နေအိမ်များ ပြိုကျပျက်စီးခြင်း၊ ရေစီးနောက် မျောပါခြင်း သို့မဟုတ် ဆိုးရွားစွာပျက်စီးမှုဖြစ်ပွားသော အိမ်ထောင်စုများအတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး နေအိမ်အသစ်များ ဆောက်လုပ်ပေးရန်နှင့်   နေရာချထားပေး ရန် အာဏာပိုင်များကို ညွှန်ကြားထားသည်။

ဗီယက်နမ်နိုင်ငံတွင် မကြာသေးမီက  ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၉၁ ဦးရှိလာပြီး ၁၁   ဦး  ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက နိုဝင်ဘာ ၂၄ ရက်က ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်ကြောင့် စီးပွားရေးဆုံးရှုံးမှုပမာဏ ခန့်မှန်းခြေအားဖြင့် ဗီယက်နမ်ဒေါင် ၁၃  ထရီလီယံ ကျော်(အမေရိကန်ဒေါ်လာ ၄၉၃ သန်းခန့်)ရှိကြောင်း အစီရင်ခံစာတွင်  ဖော်ပြထားသည်။                          

ဆင်ဟွာ

No comments

Powered by Blogger.