ဗီယက်နမ် သီဟိုဠ်စေ့တင်ပို့မှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံခန့်ရရှိ
ဟနွိုင်း နိုဝင်ဘာ
၂၄
ဗီယက်နမ်နိုင်ငံမှ ယခုနှစ်ပထမ
၁၀ လအတွင်း ပြည်ပသို့ အမေရိကန် ဒေါ်လာ ၄ ဒသမ ၃
ဘီလီယံ ခန့်တန်ဖိုးရှိ သီဟိုဠ်စေ့ကို
တင်ပို့နိုင်ခဲ့ကြောင်း၊ အဆိုပါပမာဏမှာ ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ် လျှင်
၁၉ ဒသမ
၄ ရာခိုင်နှုန်းတိုးလာကြောင်း ဒေသတွင်း
နေ့စဉ်ထုတ်သတင်းစာ Baodautu က နိုဝင်ဘာ ၂၄ ရက်တွင် ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံသည် ၁၀ လတာကာလအတွင်း
သီဟိုဠ်စေ့တန်ချိန် ၆၂၈၀၀၀ ကို ရောင်းချနိုင်ခဲ့ပြီး ယမန်နှစ်ကထက် ၂ ဒသမ ၈ ရာခိုင်နှုန်း
တိုးလာကြောင်း ဗီယက်နမ်အကောက်ခွန်ဌာန၏ ပြောကြား ချက်ကို ကိုးကား၍ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ဗီယက်နမ်စိုက်ပျိုးရေးထုတ်ကုန်ကို
ဒေါ်လာ ၉၁၀ သန်းကျော် ဝယ်ယူသော ကြောင့် ထိပ်တန်းဝယ်ယူသူအဖြစ် ရှိနေပြီး ယမန်နှစ်က ဝယ်ယူသည့်
ပမာဏထက် ၅၃ ဒသမ ၇ ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။
လွန်ခဲ့သည့် ၁၀ လအတွင်း ဗီယက်နမ်နိုင်ငံ၏
သီဟိုဠ်စေ့ပျမ်းမျှ ပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင်
၆၈၁၁ ဒေါ်လာရှိကာ ယမန်နှစ်ကထက် ၁၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။
ဆင်ဟွာ

No comments