စက်မှုထိပ်သီးခေါင်းဆောင်များ၏ ကြေညာချက်နှင့်အတူ ဂျီ ၂၀ အစည်းအဝေးရုပ်သိမ်း
ဂျိုဟန်နက်စ်ဘတ် နိုဝင်ဘာ
၂၄
အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ၏ ကြေညာချက်ကို အတည်ပြုပြီးနောက် တောင်အာဖရိကနိုင်ငံ၌
ကျင်းပခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ အဖွဲ့ (ဂျီ ၂၀) ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ
၂၃ ရက် တွင် အဆုံးသတ်ခဲ့သည်။ ဂျီ ၂၀ ထိပ်သီးဆွေးနွေးပွဲသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မတက်ရောက်ခဲ့သော်လည်း
အဆိုပါကြေညာချက်ကို အိမ်ဖြူတော်က ပြင်းပြင်းထန်ထန် တုံ့ပြန် ခဲ့သည်။
ဂျီ ၂၀ ဥက္ကဋ္ဌဖြစ်သည့် တောင်အာဖရိကသမ္မတဆိုက်ရေး ရာမာဖိုဆာက အာဖရိကတွင် ပထမဆုံး
ကျင်းပခဲ့သည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေး၏
အရေးပါမှုကို သတိပြုမိကြောင်းနှင့် အာဖရိက တိုးတက်မှုနှင့် ဖွံ့ဖြိုးမှုကို ထိပ်သီးအစည်းအဝေး၏
ဆွေးနွေးမှုအစီအစဉ်တွင် ဗဟိုချက်အဖြစ် ထားရှိရန် ကြိုးပမ်းခဲ့သည်ဟု ပြောကြားခဲ့သည်။
ဂျီ ၂၀ ထိပ်သီးဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်သူများက ဝင်ငွေနည်းနိုင်ငံများအတွက် ကြွေးမြီ စဉ်ဆက်မပြတ်ရရှိရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါသည့်သတ္တုများ တိုးချဲ့ထုတ်လုပ်ရေး တို့အတွက်
ပံ့ပိုးပေးရေးအပါအဝင် အခြားကိစ္စများကို ရည်ညွှန်းသည့် ဂျီ ၂၀ ခေါင်းဆောင်များ၏ ကြေညာချက်ကို
အတည်ပြုခဲ့သည်။ ယခုတစ်ကြိမ် ကျင်းပခဲ့သည့်
ဂျီ ၂၀ ထိပ်သီးအစည်းအဝေးကို အမေရိကန်နိုင်ငံက မတက်ရောက်ခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုသည်
လာမည့်နှစ်တွင် ကျင်းပမည့် ဂျီ ၂၀ ဥက္ကဋ္ဌအဖြစ်
တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
အမေရိကန်၏ ကန့်ကွက်မှုများရှိနေသော်လည်း တောင်အာဖရိကသည် ဂျီ ၂၀ ဥက္ကဋ္ဌ
ရာထူးကို အသုံးပြုပြီး ဂျီ ၂၀ ခေါင်းဆောင်များ၏ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်ဟု
အိမ်ဖြူတော်က ပြောသည်။
အင်န်အိတ်ချ်ကေ

No comments