ဂျပန်နိုင်ငံ၌ တုပ်ကွေးဖြစ်ပွားမှု ၁၀ နှစ်အတွင်း အမြန်ဆုံးနှုန်းထားဖြင့် သတိပေးအဆင့် ရောက်လာ



တိုကျို   နိုဝင်ဘာ   ၂၄

ဂျပန်နိုင်ငံတစ်ဝန်း သတ်မှတ်ထားသော ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများတွင် မှတ်တမ်းတင်ထား သော    တုပ်ကွေးလူနာ ပျမ်းမျှအရေအတွက်မှာ ၁၀   နှစ်အတွင်း   အမြန်ဆုံးနှုန်းထားဖြင့် သတိပေး အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း    ကျန်းမာရေး၊  အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက်အတွင်း ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း  ၃၀၀၀ ခန့်မှ တုပ်ကွေးဖြစ်ပွား သူ လူနာပေါင်း ၁၄၅ ၅၂၆ ဦးရှိကြောင်း၊ ဌာနတစ်ခုလျှင် ပျမ်းမျှ ၃၇ ဒသမ ၇၃  ဦးရှိကြောင်း၊ သတိပေးအဆင့် ၃၀   ဦးကို ကျော်လွန်သွားပြီဖြစ်ကြောင်း   အဆိုပါဝန်ကြီးဌာနက ပြောသည်။

အဆိုပါ   ပမာဏသည်   ပြီးခဲ့သည့်   ရာသီကထက်   သီတင်းငါးပတ်စော၍   သတိပေးအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံရှိ စီရင်စု ၄၇ စုအနက် ၂၄   စုတွင် သတိပေးအဆင့်ကို ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၌ တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ဆောင်းရာသီ နှင့် နွေးဦးအကုန်တွင် ဖြစ်ပွားလေ့ရှိသည်။          

ဆင်ဟွာ

No comments

Powered by Blogger.