ကမ္ဘောဒီးယားနိုင်ငံ၌ ၁၀ လအတွင်း စက်ဘီးတင်ပို့မှု ၄၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်
ဖနောင်ပင် နိုဝင်ဘာ
၂၄
ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်
ပထမ ၁၀ လအတွင်း နိုင်ငံတကာဈေးကွက်များသို့ အမေရိကန် ဒေါ်လာ ၅၀၂ ဒသမ ၈ သန်းတန်ဖိုးရှိ
စက်ဘီးများ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယမန်နှစ်ကထက် ၄၇ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာကြောင်း
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက် တွင် ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံထုတ်
စက်ဘီးများကို အများအားဖြင့် ဥရောပသမဂ္ဂ(အီးယူ)၊ ယူကေ၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါနိုင်ငံများသို့
တင်ပို့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဖန်းဆိုဗီချက်သ်က
ပြောသည်။
စက်ဘီးများသည် နိုင်ငံတကာဈေးကွက်များသို့
တင်ပို့ရောင်းချသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိက ထုတ်ကုန်များထဲမှ တစ်ခုဖြစ်လာကြောင်း
၎င်းက ဆင်ဟွာသတင်းဌာနသို့ ပြောသည်။
ဆင်ဟွာ

No comments