ရမည်းသင်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များမီးဘေးလုံခြုံရေး စစ်ဆေး

 


ရမည်းသင်း နိုဝင်ဘာ ၂၁

 

ရမည်းသင်းမြို့နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်သည်။

 

မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်းက စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် မီးဘေးကြိုတင် ကာကွယ်ရေးတွင် အသုံးပြုသည့်ပစ္စည်းများ အဆင်သင့်ထားရှိရန်၊ ဆိုင်တွင်တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် ကာကွယ်ရေးသုံးပစ္စည်းများ အသုံးပြုတတ်မှုများကို လိုက်လံစစ်ဆေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.