ဆီးရီးယားနိုင်ငံတစ်ဝန်း အိုင်အက်စ်နှိမ်နင်းရေးအတွက် စစ်ဆင်ရေးစတင်
ဒမတ်စကတ် နိုဝင်ဘာ
၉
ဆီးရီးယားနိုင်ငံ၌
အိုင်အက်စ်အဖွဲ့ဝင်များကို နှိမ်နင်းနိုင်ရေး ပြည်နယ်အချို့တွင် ကြီးမားသည့်စစ်ဆင်ရေးများ
ပြုလုပ်ခဲ့ကြောင်း ပြည်ထဲရေးဌာနက နိုဝင်ဘာ ၈ ရက် ထုတ်ပြန်ချက်တွင် ကြေညာခဲ့သည်။
ပုန်းအောင်းရာနေရာများကို
ပစ်မှတ်ထားမည်
တိကျသောထောက်လှမ်းရေး
စောင့်ကြည့်မှုကို အခြေခံထားပြီး အဆိုပါစစ်ဆင်ရေးသည် ရက်ပေါင်းများစွာကြာမြင့်မည်ဟု
ခန့်မှန်းထားသည်။ အိုင်အက်စ်များ ပုန်းအောင်းရာနေရာများကို ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း
အာဏာပိုင်များက ပြောသည်။
သံသယရှိသည့်နေရာများကို
စီးနင်းတိုက်ခိုက်
အထူးတပ်ဖွဲ့ဝင်များသည်
ဆီးရီးယားနိုင်ငံမြောက်ပိုင်း အီဒလစ်ပြည်နယ်အပါအဝင် နယ်မြေအများအပြားတွင် စစ်ဆင်ရေးများ
လုပ်ဆောင်နေပြီး အိုင်အက်စ်တပ်ဖွဲ့ဝင်များ၏ နေရာများဟု သံသယရှိသည့်နေရာများကို တပ်ဖွဲ့ဝင်များက
စီးနင်းတိုက်ခိုက်သည့် ဗီဒီယိုမှတ်တမ်းကို ပြသထားသည်။ သေဆုံးသူများနှင့် ဖမ်းဆီးရမိသူ
အရေအတွက်ကို အာဏာပိုင်များက အသေးစိတ်ဖော်ပြခဲ့ခြင်း မရှိချေ။
ဆင်ဟွာ

No comments