မူးယစ်ဆေးဝါးတင်ဆောင်လာသည့် ငါးဖမ်းရေယာဉ် ဖမ်းဆီးခံရပြီးနောက် သီရိလင်္ကာက မော်ဒိုက်သို့ ရဲတပ်ဖွဲ့နှင့် ရေတပ်ဖွဲ့ဝင်များကို စေလွှတ်
ကိုလံဘို နိုဝင်ဘာ
၉
မူးယစ်ဆေးဝါး ကီလိုဂရမ်
၃၀၀ သယ်ဆောင်လာသည့် သီရိလင်္ကာငါးဖမ်း ရေယာဉ်တစ်စင်း ဖမ်းဆီးခံရပြီးနောက် တရားဥပဒေစိုးမိုးရေး
အာဏာပိုင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် သီရိလင်္ကာက မော်ဒိုက်သို့ အဖွဲ့နှစ်ဖွဲ့ကို
စေလွှတ်ခဲ့ကြောင်း အကြီးတန်းဝန်ကြီးတစ်ဦးက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားသည်။
စုံစမ်းစစ်ဆေးရာတွင်
အကူအညီပေးရန်စေလွှတ်
မော်ဒိုက်နိုင်ငံ
အာဏာပိုင်များကို စုံစမ်းစစ်ဆေးရာတွင် အကူအညီပေးရန် ရဲတပ်ဖွဲ့နှင့် ရေတပ်မှ အရာရှိများကို
စေလွှတ်ခဲ့ကြောင်း ပြည်သူ့လုံခြုံရေးနှင့် ပါလီမန်ရေးရာဝန်ကြီး အန်နန်ဒါ ဝီဂျီပါလာက
သတင်းထောက်များအား ပြောကြားသည်။
ထိန်းသိမ်းခံထားရသည့်
သီရိလင်္ကာနိုင်ငံသား အမှုထမ်းအဖွဲ့ဝင်များကို လွှဲပြောင်းနိုင်ရေး အစိုးရက ဆွေးနွေးနေကြောင်း
၎င်းက ဆက်လက်ပြောကြားသည်။
ဆင်ဟွာ

No comments