ဩစတြေးလျနိုင်ငံအရှေ့မြောက်ပိုင်း၌ မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးနှင့် ကလေးသုံးဦး သေဆုံး



ဆစ်ဒနီ နိုဝင်ဘာ ၆

 

ဩစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစ်လန်းပြည်နယ်၌ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားပြီးနောက် လေးဦးသေဆုံးကြောင်း သိရသည်။

 

နိုဝင်ဘာ ၆ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီမတိုင်မီ ပြည်နယ်မြို့တော် ဘရစ်ဘိန်း၏ အနောက်မြောက်ဘက် ၆၅၀ ကီလိုမီတာကျော်အကွာ ကွင်းစ်လန်းမြို့အလယ်ပိုင်း အိမ်ရာတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးနှင့် ကလေးသုံးဦး သေဆုံးခဲ့ကြောင်း မီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ မတော်တဆမှုမှာ မယုံကြည်နိုင်စရာ အဖြစ်ဆိုးတစ်ခုဖြစ်ကြောင်း ကွင်းစ်လန်းပြည်နယ်ဝန်ကြီးချုပ် ဒေးဗစ်ခရစ် ဆာဖူလီက သတင်းထောက်များကို ပြောကြားသည်။ ရဲတပ်ဖွဲ့က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စတင်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.