ရပ်စောက်မြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲပြုလုပ်

 



ရပ်စောက် နိုဝင်ဘာ ၂၄

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် သစ်တောကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေး အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းခွဲ (နောင်ခမ်း)၌ ပြုလုပ်သည်။

 

ဦးစွာ မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးမောင်က သစ်တောထိန်းသိမ်း ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးလုပ်ငန်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ဖြိုးမင်းက မီးဘေးအန္တရာယ် ကာကွယ်ခြင်း အကြောင်းအရာများနှင့် လက်တွေ့ သရုပ်ပြခြင်းများ ဟောပြောဆောင်ရွက်ကြသည်။ ထို့နောက် ၂၀၂၄ ခုနှစ် မိုးရာသီတွင် ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီ စိုက်ပျိုးထားသည့် အပင်များမှ ရှင်သန်မှုအကောင်းဆုံး အပင်များကို သစ်မျိုးအလိုက် ဆုများ ပေးအပ်ခြင်း၊ ကျောင်းသုံး ဗလာစာအုပ်များနှင့် စာသင်ကျောင်း ရန်ပုံငွေများလှူဒါန်းခြင်းတို့ ဆောင်ရွက်သည်။

 

အဆိုပါဟောပြောပွဲသို့ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၂၇၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.