တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ
တောင်ကြီး ၁ နိုဝင်ဘာ
ရှမ်းပြည်နယ်၊ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ တတိယနေ့တွင်
မြို့တွင်း စုပေါင်းဘုံကထိန် ပဒေသာပင်လှည့်လည်ခြင်း၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌
ရိုးရာမီးပုံး ပျံများ လွှတ်တင် ယှဉ်ပြိုင်ခြင်းတို့ကို အောက်တိုဘာ ၃၁ ရက်က ဆက်လက်ကျင်းပခဲ့ကြောင်း
သိရသည်။ 
ထိုသို့ကျင်းပရာ အဆိုပါ အဝေရာကွင်းတွင် ညမီးကြီးယမ်းမီး(ခေါ်) ညလွှတ်မီးပုံးပျံ (၆)လုံးနှင့်စိန်နားပန်အလှ
မီးပုံးပျံ(၅)လုံး၊ စုစုပေါင်း(၁၁)လုံးတို့ကို ယှဉ်ပြိုင်လွှတ်တင်ခဲ့ကြသည်။
ယင်းသို့ ရိုးရာမီးပုံးပျံ ယှဉ်ပြိုင်လွှတ်တင်ခြင်းအား ဖွင့်ပွဲည၌(၉)လုံး၊ ဒုတိယည၌(၁၁)လုံး၊ တတိယည၌(၁၁)လုံး၊ စိန်နားပန်နှင့်
ညမီးကြီးစုစုပေါင်း(၃၁)လုံး၊ နေ့လွှတ်အရုပ် စုစုပေါင်း (၁၈၆)လုံး ယှဉ်ပြိုင်လွှတ်တင်
ပြီးစီးခဲ့ပြီး၊ နိုဝင်ဘာ၅ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments