ပဲခူးမြို့၌ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကျင်းပ
ပဲခူး နိုဝင်ဘာ ၂၀
(၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေး
များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်
နေ့အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌
ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊
ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊
ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပဲခူးမြို့ မူလတန်းကြို(၂)မှ သားငယ်၊ သမီးငယ်လေးများက “ပြည်ထောင်စုကြီး
ထာဝရ တည်တံ့စေသား” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက် ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က
ကလေးသူငယ်များသည် အနာဂတ်ကို ပုံဖော်ထုဆစ် မည့်သူများဖြစ်၍ ငယ်စဉ်ကတည်းက
နည်းမှန် လမ်းမှန်ဖြင့် စနစ်တကျပြုစုစောင့်ရှောက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊
၂၀၂၅ ခုနှစ် ကမ္ဘာ့ကလေး များနေ့ဆောင်ပုဒ်အတိုင်း
ကလေးသူငယ်များ၏ စကားသံများကို များများနားထောင်ပြီး ကလေး သူငယ်တစ်ဦးချင်းစီတိုင်း၏ လိုအပ်ချက်များဖော်ဆောင်ပေးခြင်း၊ အခွင့်အရေးမြှင့်တင်ပေးခြင်းနှင့် အကျိုးစီးပွား
ရရှိခံစားနိုင်စေရေး ဝိုင်းဝန်းဖော်ဆောင် ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် Video
Clip ကိုပြသပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသူ များက “ပြည်ထောင်စုသွေး”
သီချင်းဖြင့် ကပြ ဖျော်ဖြေ တင်ဆက်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဇနီးတို့သည် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသူ များအား ဂုဏ်ပြုငွေများ
ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)

No comments