မကွေးမြို့၌ (၃၆)နှစ်မြောက် ကလေးသူငယ် အခွင့်ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကျင်းပ
မကွေး နိုဝင်ဘာ ၂၀
(၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌
ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးတင့်လွင်၊ နယ်မြေခံ တပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဥပဒေချုပ်၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်း ကလေး သူငယ်အရေးကို ဆောင်ရွက်နေကြသည့်
အစိုးရမဟုတ်သော အဖွဲ့အစည်း များမှကိုယ်စားလှယ်များ၊ ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ကော်မတီဝင်များ၊
ကလေးသူငယ်များနှင့်မိဘများ၊ ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာမကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က ကလေး သူငယ်စောင့်ရှောက်ရေးနှင့်
ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းများနှင့် မူလ တန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများဖွင့်လှစ်ပြီး
နိုင်ငံ၏အနာဂတ်ဖြစ်သည့် ရင်သွေးငယ်များကို စနစ်တကျ နည်းမှန်လမ်းမှန်ဖြင့် ပြုစုပျိုးထောင်ပေးစေလိုကြောင်း
ပြောကြားပြီး ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် Video Clip ကိုပြသသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး
ကလေးပြုစုရေးဌာနနှင့် မကွေးမြို့နယ်အတွင်း ရှိ မူလတန်းကြိုကျောင်းများမှသားငယ်၊ သမီးငယ်လေးများ၏
တေးသီချင်း များဖြင့် ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ဖျော်ဖြေ တင်ဆက်ကြသည့်
သားငယ်သမီးငယ်လေးများအား ဂုဏ်ပြုဆုငွေနှင့်
အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments