ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ
ကလော နိုဝင်ဘာ ၉
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)
ကလောမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ တေဇခန်းမ၌ ရှမ်းပြည်နယ်ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတို့
တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ
ဦးအောင်မင်းဝင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် မဲပေးစက်များ၏
အားသာချက်များ၊ မဲရလဒ်များအား အချိန်တိုအတွင်းရရှိနိုင်ခြင်း၊ မဲဆန္ဒရှင်များအနေဖြင့်
လွယ်ကူစွာဆန္ဒမဲ ပေးနိုင်သည့်အတွက် ခိုင်မာမှုရှိကြောင်း၊ မဲပေးစက်များအသုံးပြုခြင်းဆိုင်ရာသင်တန်းများပေး၍
လက်တွေ့အသုံးပြုတတ်ရန်လိုအပ်ကြောင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးဆောင်ရွက်ရန်
ကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးစုဝေးနှင့် ရွေးကောက်ပွဲ
စောင့်ကြည့်လေ့လာရေးနှင့် သတင်းရယူခွင့်ပြု ရေးဆိုင်ရာကိစ္စရပ်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး
မဲပေးခွင့်ရရှိရေးနှင့် ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်
ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခွန်မြတ်ဆန်းထွန်းက ရွေးကောက်ပွဲဆိုင်ရာ
ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းရာ
တာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments