ပန်းတောင်းမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းမှန်ကန်မှုရှိစေရေး မဲစာရင်းတိုင်းတာစစ်ဆေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ပန်းတောင်း နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ်
မဲစာရင်းမှန်ကန်မှုရှိစေရေး မဲစာရင်း တိုင်းတာစစ်ဆေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
ယနေ့နံနက်ပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ
ဦးကြည်မြက အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရက အမှန်တကယ် ပါဝင်သင့်သည့် မဲဆန္ဒရှင်စာရင်းများ
ကျန်ရှိမှုမရှိစေရေး၊ မပါသင့်သည့်စာရင်းများ ပါရှိမှုမရှိစေရေးနှင့် အချက်အလက်မှားယွင်းခြင်းများကို
ယခုပထမအကြိမ် ကပ်ထားကြေညာစဉ်ကပင် သေချာစိစစ်ကာ နောက်တစ်ကြိမ် ကပ်ထားကြေညာမည့် စာရင်းတွင်
ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ရည်မှန်းချက်ချကာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း
ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
ဦးစီးအရာရှိ ဒေါ်အိသင်ဇာကျော်က ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကို တင်ပြခဲ့ပြီး ယာယီရွှေ့ပြောင်း
နေထိုင်သူများ အနေဖြင့်လည်း သတ်မှတ်ပုံစံဖြင့် လျှောက်ထားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)

No comments