လဲချားမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက်
လဲချား နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ်တွင်
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်
ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း
ထပ်မံကပ်ထားကြေညာခြင်း မပြုမီ မဲစာရင်းများမှန်ကန်စေရေးအတွက် စစ်ဆေးခြင်းကို မြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊
မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ဝင်များ၊
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများစုပေါင်းပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းမကပ်မီ မဲစာရင်းမှန်ကန်စေရေး
ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments