မရမ်းကုန်းမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြိုင်ပွဲများ ကျင်းပ
ရန်ကုန် နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့
ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု
အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်က မရမ်းကုန်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌
ကျင်းပရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားကို မရမ်းကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ
ဦးထင်ကျော်မိုးနှင့် အထက(၂) ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးအောင်မျိုးတို့က ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးကြပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ကာယ၊ ဉာဏပြိုင်ပွဲများကို
လှည့်လည် ကြည့်ရှုအားပေးကြ သည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု
အခမ်းအနားတွင် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြော
ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကာယပြိုင်ပွဲများ ဖြစ်သည့် ဘိုးလင်းပစ်ပြိုင်ပွဲ၊
ခါးလှည့်ကွင်း ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲနှင့် မြားပစ်ပြိုင်ပွဲများ ထည့်သွင်း
ကျင်းပရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော
ကျောင်းသား ကျောင်းသူလေးများ၊ ဘင်ခရာနှင့် ပန်းဖွားအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များ၊
အသိပညာပေး ဟောပြောပေးသည့် စာရေးဆရာ စာရေးဆရာမများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်နှင့်
ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်အေးချမ်း(ပြန်/ဆက်)

No comments