ကမာရွတ်မြို့နယ်၌ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု အကျိုးခံစားခွင့်ထုတ်ပေး
ရန်ကုန် နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော M Pride Co., Ltd. မှ အာမခံအလုပ်သမား ဦးဒိုခန့်ထန်သည် မန္တလေးမြို့တွင် အလုပ်တာဝန်ထမ်းဆောင်နေစဉ် မြေငလျင်ကြောင့် အလုပ်ခွင်ပြင်ပ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေး ရုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းတာဝန်ခံအရာရှိ ဒုတိယညွှန်ကြာရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဦးဒိုခန့်ထန်၏ သေဆုံးမှုနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ ၂(စ)နှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၁၅၀၀၀၀၀၀ ကို ဦးဒိုခန့်ထန်၏ဇနီး ဒေါ်ဇာနည်ထွန်းအား အလုပ်ဌာနတာဝန်ခံများ၊ အလုပ်သမားညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ ရှေ့မှောက်တွင် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)

No comments