မင်းဘူးမြို့ မန်းရေနံမြေလုပ်ငန်းခွင်မီးဘေးလုံခြုံရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

 


မင်းဘူး နိုဝင်ဘာ ၂၆

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့မန်းရေနံမြေဧရိယာရှိ ရေနံစိမ်း သိုလှောင်ကန်များ မီးဘေးလုံခြုံရေးနှင့် မန်းရေနံမြေလုပ်ငန်းခွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်းကို မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်ပြီး မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အင်ဂျင်နီယာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မန်းရေနံမြေမှ တာဝန်ရှိသူများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် ရေနံမြေ လုပ်ငန်းခွင်အတွင်း အရန်သင့်ထားရှိရမည့် မီးသတ်ဆေးဘူး အရွယ်အစားနှင့် အရေအတွက်၊ရေလှောင်ကန်၊ ရေစုကန်၊ ရေပိုက်လိုင်းများနှင့် အရေးပေါ်အပေါ့စား မီးငြှိမ်းသတ်စက်များ အရန်သင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဟောင်းနွမ်းသော မီးသတ်ဆေးဘူးများ အသစ်လဲလှယ်ထားရှိရေးနှင့် လိုအပ်သောမီးငြှိမ်းသတ်ရေးပစ္စည် ကိရိယာများ ထပ်မံဖြည့်ဆည်း ထားရှိရေးကို အကြံပြုဆွေးနွေး မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)

No comments

Powered by Blogger.