ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၌ ပထမနှစ်ကျောင်းသား ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်
မန္တလေး နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ပထမနှစ်ကျောင်းသား
ကျောင်းသူများအား နိုဝင်ဘာ ၂၄ ရက်မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်
(မန္တလေး) ၏ ဒုတိယ ပါမောက္ခချုပ် ပါမောက္ခ
ဒေါက်တာ လင်းထက်မြင့်နှင့် မော်ကွန်းထိန်းတို့က မောင်မယ်သစ်လွင်များအား နွေးထွေးလှိုက်လှဲစွာ
ကြိုဆိုနှုတ်ခွန်းဆက် အားပေးစကားများ ပြောကြားသည်။
ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ပါမောက္ခ
ဒေါက်တာ လင်းထက်မြင့်က ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)သို့ တက်ရောက် သင်ကြားမည့်
ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုသာမက စည်းကမ်းရှိ၍ လွတ်လပ်ပျော်ရွှင်စွာ ပညာဆည်းပူးသွား
ကြရန်လိုအပ်ကြောင်း ပြောကြားသည်။ ယနေ့အထိ ကျောင်းအပ်နှံ သူ ၁၁၁ ဦးရှိပြီး ကျောင်းအပ်နှံမှု
များကိုလည်း ဆက်လက် လက်ခံလျက်ရှိကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်တွင် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများအတွက်
ဓာတ်ခွဲနည်းပညာ၊ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ၊ ခန္ဓာသန်စွမ်းမှု နည်းပညာစသည့်
အဓိက ဘာသာရပ် သုံးခုဖြင့် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဇာနည်ကိုကို (ပြန်/ဆက်)

No comments