ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထားမှုအား တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု
ရန်ကုန် နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မကြာမီကျင်းပ ပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ
ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ
ဦးခင်မောင်ကျော်နှင့်အဖွဲ့သည် ခရိုင်ရွေးကောက်ပွဲအရာရှိနှင့်အတူ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက
ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထားမှုကို
ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်နှင့်အဖွဲ့၊ ခရိုင်ရွေးကောက်ပွဲအရာရှိ
ဦးစိုးစိုးလွင်နှင့်အဖွဲ့တို့က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၅)ရပ်ကွက် လောင်းလုံလမ်း
ပုညကုသလ ဓမ္မာရုံရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထား
ကြေညာမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းသန်းအေး(ဒဂုံတောင်)

No comments