ဟုမ္မလင်းမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

 


ဟုမ္မလင်း နိုဝင်ဘာ ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခန္တီးခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဇော်ထွန်းနိုင်က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်း လမ်းညွှန်သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ သင်ကြားပို့ချမည်ဖြစ်ကာ ဟုမ္မလင်းမြို့နယ်အတွင်းမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား သင်တန်းသူ ၁၄၂ ဦး တက်ရောက်ခဲ့သည်။

 

အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား သင်တန်းသူများ စုစုပေါင်း ၂၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)

No comments

Powered by Blogger.