တမူးမြို့နယ်၌ မဲရုံများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

 



တမူး  နိုဝင်ဘာ  ၃၀


စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုမဲရုံများကို နိုဝင်ဘာ ၂၉ ရက်က ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု တစ်အုပ်စုတွင် မဲရုံစုစုပေါင်း ၂၆ ရုံကို ကွင်းဆင်း စစ်ဆေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် တမူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ရပ်ကွက်နှင့် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊  မဲရုံမှူး၊  ဒုတိယ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားမှု၊ လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေနှင့် ဒုတိယအကြိမ် မဲဆန္ဒရှင်အမည် စာရင်းများ  ထုတ်ပြန်ကြေညာထားမှုများကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


 ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.