မြစ်သားမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး

 



မြစ်သား နိုဝင်ဘာ ၃၀


မြစ်သားမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၆ ရက်က ကျီတော်ကုန်းအ‌ခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးအောင် မိုးလွင်က သစ်တောသစ်ပင်များမှရရှိသည့်  အကျိုးကျေးဇူးနှင့် အသုံးဝင်ပုံများ၊ သစ်တောများ ပြုန်းတီးရခြင်းကြောင့် ခံစားရမည့် ဆိုးကျိုးများ၊ သစ်တောသစ်ပင်များ ထိန်းသိမ်းရေးနှင့် သစ်တောများ မီးလောင်မှုမရှိအောင် ကာကွယ်ရန်နှင့်  မီးရှို့ခြင်းများ  မပြုလုပ်ကြစေရန် ဆောင်ရွက်ရမည့်အချက်များ၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့် ကျောင်းဝင်းအတွင်း မိမိပတ်ဝန်းကျင် နေရာများကို သစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းများ ပူးပေါင်းဆောင်ရွက်သွားရန် ရှင်းလင်းဟောပြောသည်။   


 ဝါဝါမြင့် (မြစ်သား)

No comments

Powered by Blogger.