ဗီယက်နမ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် အလုံး ၂၂၁၀၀ ကျော် ရေနစ်မြုပ် မွေးမြူရေးတိရစ္ဆာန် ကောင်ရေ ၁၇၇၀၀ ကျော် သေဆုံး
ဟနွိုင်း အောက်တိုဘာ
၃၁
ဗီယက်နမ်နိုင်ငံအလယ်ပိုင်း
ပြည်နယ်အများအပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် လူ
၂၈ ဦး သေဆုံးကာ ခြောက်ဦးပျောက်ဆုံးနေကြောင်း၊ ၄၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း
သဘာဝဘေးအန္တရာယ်နှင့် တာတမံစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
နေအိမ်အလုံး ၂၂၁၀၀ ကျော်
ရေနစ်မြုပ်သွားပြီး အခြားနေအိမ် ၉၁ လုံးမှာပြိုကျမျောပါသွားကြောင်း၊ နေအိမ် ၁၈၁
လုံးခန့် ပျက်စီးသွား ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရေကြီးမှုကြောင့်
ဆန်စပါးနှင့် အခြားသီးနှံ ဟက်တာ ၄၉၀၀ ခန့် ရေနစ်မြုပ်သွားခဲ့ကာ သစ်သီးပင် ဟက်တာ
၇၉၀ ဝန်းကျင် ပျက်စီးပြီး မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ၁၇၇၀၀ ကျော်
သေဆုံးခဲ့ကြောင်း၊ ပြည်နယ်နှင့် မြို့လေးခုတို့၌ အိမ်ထောင်စု ၂၄၅၀၀၀ ကျော်
လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ဆင်ဟွာ
No comments