မိုးကောင်းမြို့နယ်၌ မိုးစပါးခြွေလှေ့ရိတ်သိမ်း



မိုးကောင်း နိုဝင်ဘာ ၂၉

 

ကချင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးငွေယူထားသော မိုးကောင်းမြို့နယ် ကုန်းတန်းကြီးကျေးရွာရှိ ဘောဂသိဒ္ဓိလယ်ယာမြေ ၁၀ ဒသမ ၄၂ ဧက၌ စိုက်ပျိုးထားသည့် ဆင်းဧကရီ-၃ စပါးများကို သမဝါယမအသင်းချုပ်ပိုင် စပါးခြွေလှေ့စက်ဖြင့် ယနေ့နံနက်ပိုင်းက ခြွေလှေ့ရိတ်သိမ်းသည်။

 

အဆိုပါ စပါးခြွေလှေ့ရိပ်သိမ်းရာတွင် တစ်ဧကပျမ်းမျှ အထွက်နှုန်း ၇၅ တင်းရှိပြီး ယခင်နှစ်အထွက်နှုန်းထက် ငါးတင်းပိုထွက်ကြောင်း သိရသည်။

 

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်အတွင်း သမဝါယမဦးစီးဌာနအနေဖြင့် မိုးစပါးစီမံကိန်းဆောင်ရွက်ရာတွင် ယခင်နှစ်စိုက်ပျိုးသည့် မိုးစပါးစိုက်ဧကထက် လျှော့နည်းမှုမရှိစေရန်၊ ဧကပြည့်မီအောင် ဆောင်ရွက်နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ကချင်ပြည်နယ် နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေ အသုံးပြု၍ လယ်ယာစိုက်ပျိုးနေသော အသင်းသားဦးရေ ၇၇ ဦး စိုက်ပျိုးထားသည့် စိုက်ဧက ၄၆၈ ဧကကို အချိန်မီရိတ်သိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)

No comments

Powered by Blogger.