ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ကျောက်တံခါး
နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး
ကျောက်တံခါးမြို့နယ်တွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက
မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူစန်းက အမှာစကားပြောကြာပြီး
ကျန်းမာရေးမှူးအဆင့်(၁) ဦးထွန်းထွန်းအောင်က သားအိမ်ခေါင်းကင်ဆာရောဂါ
ကာကွယ်ဆေးထိုးနှံပေးမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ
ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အသက်(၉)နှစ်ပြည့်ပြီး
(၁၂)နှစ်မကျော်သော ကျောင်းသူ ၉၇၂ ဦးနှင့် ကျောင်းပြင်ပမှ
အမျိုးသမီးငယ် ၁၀၃ ဦးတို့အား ဒီဇင်ဘာ ၁ ရက်မှ ၂၀ ရက်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments