ရှမ်းပြည်နယ်၌ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်



တောင်ကြီး နိုဝင်ဘာ ၂၉

 

ရှမ်းပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာနမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက နိုဝင်ဘာ ၂၉ ရက်တွင် လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ မိုးစပါးစီမံကိန်း (သက်တံ့ရောင်စီမံကိန်း) သီးနှံစိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် စိန်မိုင်းပွန် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်က စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ခင်းအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် လွိုင်လင်မြို့၊ လင်းခေးမြို့နှင့် မိုင်းပန်မြို့နယ်တို့ရှိ မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များနှင့်တွေ့ဆုံ၍ သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေး၊ သမဝါယမကဏ္ဍမှ ဆောင်ရွက်လျက်ရှိသည့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းသီးနှံ (သက်တံ့ရောင်စီမံကိန်း) သီးနှံများကို လျာထားချက်အတိုင်း စိုက်ပျိုးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ဝိုးတောင်း

No comments

Powered by Blogger.