အုတ်တွင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ဟောပြောပွဲကျင်းပ
အုတ်တွင်း နိုဝင်ဘာ
၂၁
ပဲခူးတိုင်းဒေသကြီး
အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်
မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း(ဗောဓိကုန်း)ကျောင်း၌
ကျင်းပသည်။
ဟောပြောပွဲတွင် အုတ်တွင်းမြို့နယ်
သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းသန်းထိုက်က သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်
မီးခိုးမြူငွေ့လျှော့ချရေး အကြောင်းအရာများကို အသိပညာပေး ဟောပြောသည်။ ထို့နောက်
ကျောင်းသား ကျောင်းသူ များအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း
သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)

No comments