ပေါင်မြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထားမှု ကွင်းဆင်းစစ်ဆေး

 



ပေါင် နိုဝင်ဘာ ၂၁

 

မွန်ပြည်နယ် ပေါင်မြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားသည့်နေရာများကို ယနေ့နံနက်ပိုင်းက သတ်မှတ်ရပ်ကွက်/ကျေးရွာများသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သထုံခရိုင် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးမောင်မောင်မြင့်၊ ခရိုင်ကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ ခရိုင်အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာန လက်‌ထောက်ညွှန်ကြားမှူး ဦးကျော်စိုး၊ ပေါင်မြို့နယ် စီမံခန့်‌ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ သထုံခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံလှဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေမျိုးနှင့်အဖွဲ့ဝင်များက ပေါင်မြို့ပေါ်ရှိ မိုးနိုင်း၊ ပေါင်း၊ ကဒုံစီးရပ်ကွက်နှင့် ပေါင်(ကျွဲခြံ) ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့တွင် မဲဆန္ဒရှင်စာရင်း ကပ်ထားမှုကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)

No comments

Powered by Blogger.