ပုသိမ်မြို့ စက်တော်ရာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားရှိမှုနှင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးဆောင်ရွက်ပေး

 


နေပြည်တော် နိုဝင်ဘာ ၂၆

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ စက်တော်ရာ ဘိုးဘွားရိပ်သာ၌ တာဝန်ရှိသူများ၊ အဘိုးအဘွားများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် အဘိုးအဘွားများအနေဖြင့် မကြာမီ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးနှင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားရှိမှု၊ နိုင်ငံသားကတ်ပြားပျောက်ဆုံး/ပျက်စီး ပါက မိတ္တူလျှောက်ထား ကိုင်ဆောင်နိုင်ရေး၊ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးနေမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေ၊ အဘိုးအဘွားများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြည့်ရှုမေးမြန်းပြီး စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘိုးဘွားရိပ်သာအတွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာ များပေးအပ်လှူဒါန်းပြီး အဘိုးအဘွားများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်မှုနှင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးရန်ရှိပါက ဆွေးနွေးပြောကြားနိုင်ရေး မှာကြား၍ အဘိုးအဘွားများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.