ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၆
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ
ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်
နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊
နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက
နေပြည်တော်အတွင်း မဲရုံပေါင်း ၆၂၆ ရုံ လျာထားပြီး မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ
မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ ကြောင်း၊ နေပြည်တော် ရှစ်မြို့နယ်ရှိ ရပ်ကွက်၊
ကျေးရွာ အုပ်စုပေါင်း ၂၄၅ ခုတွင် ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ဝင် ၁၈၈၃ ဦးဖြင့်
ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက်
မှ ဒီဇင်ဘာ ၄ ရက်အထိ ၁၄ ရက်ကြာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့်
ကျေးရွာများအထိ မဲစာရင်းကို ကပ်ထားကြေညာ ပေးသွားမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူများ
မဲပေးခွင့်မဆုံးရှုံးရန် အဓိက ဆောင်ရွက်ရမည်ဖြစ် ကြောင်းနှင့် နေပြည်တော်အတွင်း မဲစာရင်း
မှန်ကန်ရေးအတွက် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်း ပူပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း
ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်
တက်ရောက်လာသည့် ဌာနဆိုင်ရာများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ
အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက်
ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)

No comments