ဗီယက်နမ်နိုင်ငံက ၁၀ လအတွင်း ငရုတ်ကောင်း တန်ချိန် နှစ်သိန်းကျော် တင်ပို့
ဟနွိုင်း နိုဝင်ဘာ
၁၀
ဗီယက်နမ်နိုင်ငံသည်
ယခုနှစ် ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံတန်ဖိုးရှိ ငရုတ်ကောင်းတန်ချိန်
၂၀၆၄၀၀ ကျော် တင်ပို့ခဲ့ကြောင်း ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင် အသင်း၏ပြောကြားချက်ကို
ကိုးကားပြီး ဗီယက်နမ်သတင်းအေဂျင်စီက နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းကာလအတွင်း ဗီယက်နမ်၏
ပို့ကုန်ပမာဏမှာ ယမန်နှစ်ကထက် ၅ ဒသမ ၉ ရာခိုင်နှုန်းလျော့နည်းသွားသော်လည်း ပို့ကုန်တန်ဖိုးမှာ
၂၅ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ငရုတ်ကောင်းနက်၏
ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၂၈ ဒေါ်လာနှင့် ငရုတ်ကောင်းဖြူတစ်တန်လျှင်
ဒေါ်လာ ၈၆၈၃ ဒေါ်လာရှိရာ ပျမ်းမျှဈေးနှုန်းများမှာ ယမန်နှစ် အလားတူကာလကထက် ငရုတ်ကောင်းအနက်
၃၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် ငရုတ်ကောင်းအဖြူ ၃၄ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်း
သိရသည်။
အမေရိကန်နိုင်ငံသည်
ငရုတ်ကောင်းတန်ချိန် ၄၄၂၆၂ တန်ဖြင့် ဗီယက်နမ်ငရုတ်ကောင်း၏ အကြီးမားဆုံးဈေးကွက်အဖြစ်ရှိနေပြီး
ယင်းနောက်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း
သိရသည်။
ဆင်ဟွာ
.jpg)
No comments