ပင်လုံမြို့၌ မိုးစပါးအထွက်နှုန်းသိရှိစေရေး တိုက်ရိုက်မျိုးစေ့ချ မိုးစပါးစံကွက်ရိတ်သိမ်း
ပင်လုံ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်
ပင်လုံမြို့၌ မိုးစပါး အထွက်နှုန်းသိရှိစေရေး တိုက်ရိုက်မျိုးစေ့ချ (DRUM SEEDER) မိုးစပါး
စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ပင်လုံအရှေ့ကျေးရွာအုပ်စု တောင်သူ ဦးစိုင်းလုံ၏
လယ်မြေ၌ ကျင်းပသည်။
ထိုသို့ မိုးစပါးရိတ်သိမ်းရာတွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ
ဦးကြည်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့်အဖွဲ့ဝင်များ၊
မြို့မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊
မိုးစပါးစိုက်တောင်သူများ တက်ရောက်ကြသည်။
အဆိုပါ ဦးစိုင်းလုံ၏လယ်မြေ ၂ ဒသမ ၅၃
ဧကတွင် DU 12 (ဧည့်မထ အထွက်ကောင်းမျိုး) စိုက်ပျိုးထားပြီး အထွက်နှုန်းမှာ တစ်ဧကပျမ်းမျှ
အခြောက်ထွက် ၁၁၈ ဒသမ ၆၃ တင်းထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments