ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာ၌ မိုးစပါးရိတ်သိမ်းမှု ကွင်းဆင်းကြည့်ရှု
နေပြည်တော် နိုဝင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ နေပြည်တော် သမဝါယမဦးစီးဌာန
ညွှန်ကြားရေးမှူးနှင့်အတူ တာဝန်ရှိသူများသည် နိုင်ငံတော်ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံကိန်း)ဖြင့်
ပံ့ပိုးငွေရယူဆောင်ရွက်ခဲ့သည့် ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာရှိ ဇောင်ချမ်းကုန်း
စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း(လီမိတက်) အသင်းသား ဦးကျော်စံဝေ၏
ဗျော့သုခမိုးစပါးရိတ်သိမ်းနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ညွှန်ကြားရေးမှူး
ဒေါ်ဆုယဉ်မြင့်က မိုးစပါးများရောင်းချရာတွင် ပုဂ္ဂလိကစပါးပွဲစားများကို ရောင်းချပါက
ပြန်အမ်းငွေ(Refund)ရရှိမည် မဟုတ်ကြောင်း၊ သမဝါယမဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ သမဝါယမအသင်းပိုင်ဆန်စက်များနှင့်
ချိတ်ဆက် ရောင်းချပါက အလေးချိန်မှန်ကန်ခြင်း၊ ဒေသပေါက်ဈေးရရှိခြင်းအပြင် စပါးတစ်တင်းလျှင်
ပြန်အမ်းငွေ (Refund)အဖြစ် ငွေကျပ်နှစ်ရာ ရရှိမည်ဖြစ်ကြောင်း၊ အသင်းသားတောင်သူများ
Refund ငွေရရှိနိုင်စေရေးအတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ သမဝါယမအသင်းပိုင်ဆန်စက်များနှင့်
ချိတ်ဆက်ရောင်းချနိုင်ရေး စီမံဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် အသင်းသားတောင်သူများ၏
လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments