ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်-ရှောပြာ-ချောင်းသာလမ်းပိုင်း ကတ္တရာလမ်းချဲ့အဆင့်မြှင့်တင်ခြင်းစီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 


ပုသိမ် နိုဝင်ဘာ ၂၃

 

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်-ရှောပြာ-ချောင်းသာ လမ်းပိုင်းကတ္တရာလမ်းချဲ့ အဆင့်မြှင့်တင်ခြင်း စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်းပိုင်း မိုင်တိုင် (၁၈/၃)တွင် ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား လမ်းလုပ်သားများနှင့် စက်ယန္တရားအသုံးပြု၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်းပိုင်း မိုင်တိုင်(၃၀/၀)တွင် ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား လမ်းလုပ်သားများနှင့် စက်ယန္တရားအသုံးပြု၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ မိုင်တိုင် (၂၄/၆)တွင် ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား လမ်းလုပ်သားများနှင့် စက်ယန္တရားအသုံးပြု၍ မြေပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး အလေးထားဆောင်ရွက်ရန်၊ လမ်းပခုံးများ သတ်မှတ်ချက်များနှင့်အညီဖြစ်ရေးနှင့် စနစ်တကျရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.