ကျိုင်းတုံမြို့၌ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
ကျိုင်းတုံ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်
သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပသည့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့
လျှော့ချရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ
၂၁ ရက်က ကျိုင်းတုံမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံမြို့နယ်
သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်ဦး၊ တောအုပ်ကြီး ဦးကျော်သက်အောင်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းဝေယံထွန်းတို့က သစ်တောပြုစုထိန်းသိမ်းခြင်းဆိုင်ရာ၊
သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်း ဆိုင်ရာ အကြောင်းအရာများ၊ ဒေသအတွင်း Fire
Hotspots ဖြစ်ပေါ်မှုလျှော့ချရေး၊ နယ်စပ်ဒေသဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်း ထိန်းချုပ်ရေးနှင့်
တောမီးထိန်းချုပ်ရေးဆိုင်ရာ နည်းလမ်းများ၊ တောမီးလောင်ကျွမ်းမှုလျှော့ချရေးနှင့် မီးခိုးမြူငွေ့
လျှော့ချရေးဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို
ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)

No comments