ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် ဟားမတ်စ်အဖွဲ့ ကိုင်ရိုသို့ရောက်ရှိ
ကိုင်ရို နိုဝင်ဘာ ၂၄
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအစီအစဉ်
ဒုတိယပိုင်းကို ဆောင်ရွက်ရေး ဆွေးနွေးရန် အီဂျစ်နိုင်ငံ ကိုင်ရိုသို့ ခါလီအယ်လ်ဟာယာခေါင်းဆောင်သည့်
ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၃ ရက်တွင် ရောက်ရှိလာကြောင်း အီဂျစ်တာဝန်ရှိသူတစ်ဦး၏
ပြောကြားချက်အရ သိရသည်။
အီဂျစ်သည် ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးတည်တံ့ရေးအတွက်
ဟားမတ်စ်ခေါင်းဆောင်များ နှင့် ဆွေးနွေးဆောင်ရွက်နေသည်။ ဂါဇာဒေသစီမံခန့်ခွဲရေးနှင့်
အစ္စရေး၏ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများကို စစ်ဆေးရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းမည်ဟု
၎င်းကပြောသည်။
အစ္စရေးနှင့်ဟားမတ်စ်အကြား
လက်နက်ကိုင်ပဋိပက္ခဖြစ်ခဲ့ပြီးနောက် ယခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက်ရရှိခဲ့သည်။ မကြာသေးမီက ဂါဇာဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဒေသခံ
၂၂ ဦး သေဆုံးခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments