အာဖဂန်နစ္စတန်နိုင်ငံ၌ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေး ဆောင်ရွက်
ကဘူး နိုဝင်ဘာ ၂၄
အာဖဂန်နစ္စတန်နိုင်ငံ၌ အမျိုးသားပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေးလှုပ်ရှားမှုကို နိုဝင်ဘာ ၂၄ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်းရှိ ကလေး ၇
ဒသမ ၄ သန်းအား
ပိုလီယိုရောဂါဖြစ်ခြင်းမှ ကာကွယ်ရေးအတွက်
ဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံအတွင်းရှိ ဒေသ ၁၇ ခုမှ ကလေးများအား ပိုလီယိုကာကွယ်ဆေး
တိုက်ကျွေးမည်ဖြစ်သည်။ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေး ဆောင်ရွက်ချက်တွင် တာဝန်ရှိသူ
များနှင့် မိဘများက ပါဝင်ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီး
မော်လဝီနောဂျော်လာက ပြောသည်။ နိုင်ငံအတွင်း ယခုနှစ်တွင် ပိုလီယိုရောဂါခံစားနေရသူ ကိုးဦးတွေ့ရှိရကာ
အာဖဂန်နစ္စတန် နိုင်ငံသည် ကမ္ဘာပေါ်တွင် ပိုလီယိုရောဂါကူးစက်မှုများ တွေ့ရှိနေရသည့်
နိုင်ငံအဖြစ် တည်ရှိနေသည်။ နိုင်ငံ အတွင်း ပိုလီယိုရောဂါကင်းစင်သည်အထိ ဆောင်ရွက်မည်ဟု
၎င်းကပြောကြား သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန် -စိုးသူရ

No comments