လွိုင်လင်မြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ
လွိုင်လင် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို လွိုင်လင်မြို့
အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊
ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်၊ လွိုင်လင်ခရိုင်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်နှင့်
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်တို့က ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဖျော်ဖြေရေးအစီအစဉ်များကို
ကျင်းပရာ အထက (၂) ကျောင်းသား ကျောင်းသူများက “စည်းလုံးချင်းအတွက် သီချင်းတစ်ပုဒ်”၊ “နောင်အင်းလေး”၊
“လောကအားမာန်” သီချင်းတို့ဖြင့် လည်းကောင်း၊ အ.ထ.က(၁) လွိုင်လင်မှ
ကျောင်းသား ကျောင်းသူများက “မြန်မာပြည်မှာစာပေ ဒေသာဝေဆာစေ”
သီချင်းဖြင့် သီဆိုကပြဖျော်ဖြေ ကြရာ တပ်နယ်မှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ
ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ လွိုင်လင်တပ်နယ်မှူးနှင့် တာဝန်ရှိသူများက
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့်
ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်
စာစီစာကုံးပြိုင်ပွဲများကို လည်းကောင်း၊ ဌာနဆိုင်ရာအသီးသီးမှ ခင်းကျင်းပြသထားသည့် ပြခန်းများကို
လှည့်လှည်ကြည့်ရှု အားပေးခြင်း၊ ကာယစွမ်းရည်ပြိုင်ပွဲများ၌ ကျောင်းသား ကျောင်းသူများ
ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေးခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)

No comments